Monday, April 1, 2019

ဖျက်စီး၍မရသော အမှတ်တရများ


တခါတုန်းက သူမကျွန်တော့်ကိုစိတ်ဆိုးပြီး သမီးရည်းစားဘဝတုန်းကစာတွေ ဓါတ်ပုံတွေကို ရေစိမ်ပြီးဖျက်စီးခဲ့တယ်။အဲဒီချိန်တုန်းကတော့စိတ်တွေတိုလိုက်တာ အရမ်းပဲ။ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ကျွန်တော် တန်ဖိုးထားတဲ့ အမှတ်တရတွေဆိုတာ ရုပ်ဝတ္ထုတွေမဟုတ်ဘူးဆိုတာ။သူနဲ့လျှောက်လည်ဖူးတဲ့ ပျော်စရာမှတ်ဥာဏ်လေးတွေကိုတော့ သူမ မဖျက်စီးနိုင်ပါဘူး။ဒီခန္ဓာကြီးတည်ရှိနေသရွေ့တော့ သူမနဲ့ပတ်သတ်တဲ့ အမှတ်တရ ပျောက်သွားမယ်မထင်ဘူး။ လွမ်းမိပါတယ် သူမရဲ့ ချစ်တတ်ပုံတွေ အလိုက်သိပုံတွေ။
ဒီချိန်မှာတော့ အဲဒီအရာတွေ သူမဆီမှာ ပျောက်ဆုံးနေပြီ။ကျွန်တော် နှမြောတသစွာ လိုက်ရှာမိတော့ ကျွန်တော့အပေါ်ထားတဲ့မေတ္တာတွေ ဂရုစိုက်မှုတွေဟာ လူတစ်ယောက်အပေါ်မှာ အစားထိုးပြီးရောက်နေပြီလေ။ ကျွန်တော် သူမကို ပိုတိုးလို့ချစ်သွားမိတယ်။ဘာ    
ကြောင့်လဲဆိုတော့ သူမရဲ့မေတ္တာတရားတွေ ပုံအပ်ခြင်းခံရတာသူမနဲ့ ကျွန်တော်တို့ရဲ့ ရင်သွေးလေး

No comments:

Post a Comment